သော့ပျောက်သွားသော ရင်ခွင်တံခါး
နာကျင်မှုတွေက မင်းကိုမေ့သွားလောက်အောင်တော့
မစွမ်းဆောင်နိုင်ပါဘူး ပုံရိပ်ဟောင်းတွေ
မျက်ဝန်းပိတ်ကားပြင်ထက်မှာ
ထပ်ဟပ်နေဆဲပါ
အရာရာတိုင်း မင်းစိတ်ကြိုက်လိုက်လုပ်ရအောင်
ငါဟာ ကော်ပတ်သွင်းထားတဲ့
သံပတ်ရုပ်မဟုတ်ဘူး။
အသဲကွဲတိုင်းတာ မျက်ရည်ကျရမယ်ဆိုရင်
ဒီအချိန်ဆို ကမ္ဘာကြီးဟာ မျက်ရည်ပုံလောက်ပြီ
လွမ်းရေးထက်ဝမ်းရေးခက်ဆိုသလိုဘဲ
လွမ်းရေးကို ခဏဘေးဖယ်ပြီး
ဝမ်းရေးအတွက် ရှာဖွေရဦးမယ်
နာကျဉ်မှုကို အရင်းတည်ပြီး
ငါ့ဘဝ တိုးတက်အောင် ငါစွမ်းဆောင်ဖို့
ငါ့ခြေလှမ်းကို ငါလှမ်းလိုက်ပြီး
ဒီနေ့ကစပြီး ငါ့ကို
အချစ်လာမပေးပါနှင့်
ငါ့ရင်ခွင်တံခါး သော့ခတ်ပြီး၍
....သော့ပါပျောက်သွားပြီ....
No comments:
Post a Comment