22 March 2008

နှလုံးသားစကားထာ

ကြီးပွားချမ်းသာအောင် လုပ်ရတာကလွယ်တယ်။ နှလုံးသားက ၀ှက်တဲ့စကားထာတွေကို ဖော်ရတာက ပိုခက်တယ်။
To become rich is easy. Much harder is o solve the riddles of the heart.
Cao Xue Qin

21 March 2008

လူမှန်ရင် ကြောက်တာချည်ပဲ

ညဥ့်အချိန်တွင် င်္သချိုင်းဘေးမှ အမျိုးသမီးငယ်တစ်ဦး ဖြတ်လျှောက်သွားသည်။ ၄င်း၏နောက်မှ လူရိပ်တစ်ခု လိုက်လာပြီး သူမကိုမှီလာသည်။
“ကြောက်သလား”
ဘေးက အမည်မသိသူက မေးလိုက်သည်။
“ကြောက်တာပေါ့ရှင်”
“အင်း ကျွန်တော်လဲ အသက်ရှင်တုန်းက ကြောက်ခဲ့တာပဲ။”

အကျင့်

“ဟိုငနဲဟာ ဘာဖြစ်လို့ တစ်ပွဲပြီးတိုင်း သူနဲ့တွဲကတဲ့ အမျိုးသမီးရဲ့ တင်ပါးဆုံကို လက်နဲ့ပွတ်ရတာလဲကွ”
“အော်ဒါလား၊ ဒီငနဲက နံမည်ကြီးဖောက်ထွင်းရေးသမားလေ၊ သွားလေရာမှာ သူ့ရဲ့လက်ဗွေရာ မကျန်အောင် သုတ်ပစ်တဲ့အကျင့်ပါနေတာလေ”

19 March 2008



ချစ်သူ ရက်စက်စိမ်းကားခြင်း
..........ခံရသည့်....
.ကျွန်တော့်ဧ။် အနာဂတ်

ကာကွယ်ရေးပစ္စည်း

လူရွယ်တစ်ဦး ဆေးဆိုင်သို့ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်။
အမျိုးသမီးက ကျယ်ကျယ်ပြန်ပြောသည်။
"ဘာကာကွယ်ရေးစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘူး။"

Fun facts

The reported percent of women who wash their hands after leaving a restroom is 80%.

Dolphins sleep with one eye open.

India has about 50 million monkeys.

American's eat about 18 billion hot dogs a year.

ကျွန်တော့်ကိုဝေဖန်ပါ။



ဝေဖန်ရေးဆရာတွေရဲ့ စကားကို ကျွန်တော်ကတော့နားစွင့်ပါတယ်။
ဘာပြုလို့လဲဆိုတော့ တစ်ခါတစ်လေ ကိုယ့်အနေနဲ့ တစ်မူကွဲပြားတာ လုပ်ဖို့လိုတဲ့အခါ သူတို့ကမှ တကယ့် သတင်းဇစ်မြစ်ကောင်း ဖြစ်တက်နေလို့ပဲ။
I listen to critics because often they're a good source of information for what you have to do differently.
John Chambers

အမေ


... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်(ထူးအိမ်သင်)

18 March 2008

အပြောင်းအလဲ

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…

မောင်စိန်ဝင်း (ပုတီးကုန်း)

သြော် ဘ၀ ဘဝ

လူ့သက်တမ်း နှစ်၇၀ လောက်မှာ နှစ်၂၀လောက်ကို ကျောင်းစာသင်ခန်းမှာ ကုန်ရဦးမှာပါလား.......

အစပိုင်းမှာ ဒီလိုပါပဲ

ခွေးကိုနောက်ခြေနှစ်ချောင်းနှင့် ရပ်တက်ရန် မိန်းမဖြစ်သူသင်ပေးနေသူကို ကြည့်၍ယောကျာင်္ဖြစ်သူက သဘောမကျသော လေသံဖြင့်ပြောသည်။
“ဟေ့ကြိုးစားပြီးသင်ပေးမနေနဲ့၊ ဒီကောင်က ခေါင်းမာတဲ့အကောင်၊ လိုက်လုပ်မှာ မဟုတ်ဘူး။”
“ရှင်ဘာမှ ဝင်မစွက်နဲ့၊ ရှင်လဲအစတုန်းက ကျွန်မစကားကို ဘယ်မှာနားထောင်လို့လဲ"
အဖြည့်ခံ
မြင်လှည့်ပါ
မင်းရဲ့အနီးဆုံးမှာ ရှိတဲ့ငါ့ကိုလေ
ပြောလှည့်ပါ
မင်းဘ၀မှာ.......ရင်ဖွင့်စရာကြုံလာတဲ့အခါ
ခေါ်လှည့်ပါ
ငါ့အကူအညီကို........လိုအပ်လာတဲ့အခါ
ထားခဲပါ
ငါ့ထက်ပေးဆပ်နိုင်သူကို.....မင်းတွေ့သွားတဲ့အခါ..
ကျန်နေဆဲပါ
မင်းအပေါ်ထားတဲ့....တည်မြဲမေတ္တာ.....

Fun facts

Ants never sleep.

No word in the English dictionary rhymes with "MONTH".

The human brain is 80% water.

Singapore has only one train station.

လိုလားတာကိုရဖို့၊ ရတာကို လိုလားဖို့

ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ခေါ်တယ်။ ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ခေါ်တယ်။
Success is getting what you want, Happiness is liking what you get.
H.Jackson Brown

17 March 2008

Fun facts

Do You Know that

Your body is creating and killing 15 million red blood cells per second!

Women blink eyes twice as many times as men do.

The strongest muscle in the human body is the tongue.
မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့
နပိုလီုယံကတော့ ပြောသွားလေရက်
....သေချာပါတယ်....
အဲ့တုန်းက..
သူ..မချစ်တက်သေးဘူး......
ချစ်တက်တဲ့သူတိုင်းအတွက်
မဖြစ်နိုင်ဘူးဆိုတာ ရှိစမြဲပါ..
ကိုယ့်ချစ်သူကို....မေ့နိုင်ဖို့........

ဘဝပြောင်းသွားပြီ

"ဟေ့သူုငယ် ကျောင်းမသွားဘူးလား"
"ဟင့်အင်း ကျွန်တော်တက္ကသိုလ်တက်နေပြီ"
"အော်အော် ကျောင်းသားဘဝက ကျော်လို့ ကျောင်းသူနားရောက်သွားပြီကိုး"

အနှိုင်းမဲ့တန်ဖိုး

အချစ်မှာ ဈေးနှူန်းတံဆိပ်သွားကပ်လို့ မရဘူး။ ဒါပေမယ့် သူနဲ့ပတ်သတ်သမျှ ပစ္စည်းပစ္စယတွေပေါ်မှာတော့ ကပ်လို့ရတယ်။
You can't put a price tag on love, but you can put on all its accessories.
Melanie Clark.