Showing posts with label ကျွန်တော်ကြိုက်သော ဟာသများ. Show all posts
Showing posts with label ကျွန်တော်ကြိုက်သော ဟာသများ. Show all posts

10 August 2009

သိခြင်း မသိခြင်း

ယောက်ျားများက မိန်းမများအကြောင်း အတန်အသင့်သိထားသည်ဟု ယူဆကြသည်။ အတန်အသင့် သိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ရူးသွပ်ပြီး အသက်တိုနိုင်၏။

မိန်းမများက ယောက်ျားများအကြောင်း တော်တော်ကြီး သိထားသည်ဟု ယူဆကြသည်။ တော်တော်ကြီးသိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ယောက်ျားများ၏ စိတ်ဝင်စားခံရမှု ဆုံးရှုံးသွားနိုင်ပါသည်။

ခင်ပွန်းသည်အကြောင်း A to Z သိထားသည်ဟု ဇနီးသည်များက ပြောလေ့ရှိသည်။ ဇနီးအကြောင်း ကကြီးမှ အ အထိ သိထားသည်ဟု ခင်ပွန်းသည်များက ပြောလေ့ရှိကြသည်။ တကယ်တော့ ရာနှုန်းပြည့် မမှန်ပါ။ ထိုသို့သာ သိရိုးမှန်လျှင် ကွာရှင်းမှုဆိုင်ရာ ဥပဒေအကျိုးဆောင်များ ကျိကျိတက် ချမ်းသာနေကြမည် ဖြစ်ပါသည်။

ဆရာများက တပည့်အကြောင်း သိသည်ဟု ပြောကြသည်။ ယင်းဆိုချက်မှာ တပည့်များက ဆရာများအကြောင်း သိထားသည်နှင့်ယှဉ်လျှင် ဆင်နှင့်ဆိတ်ကဲ့သို့ အနေအထားသာရှိပါသည်။ ထို့ကြောင့် ဆရာများက တိတ်တိတ်ကလေးသာ နေသင့်ပါသည်။

အချို့ကငွေကိုယုံသည်၊ အချို့ကလူကိုယုံသည်၊ အချို့ကနှစ်ခုစလုံးကို ယုံသည်၊ အချို့က နှစ်ခုစလုံးကိုမယုံ။ ငွေကိုယုံလျှင် ရူးတတ်သည်။ လူကိုယုံလျှင် နှလုံးရောဂါရနိုင်သည်။ နှစ်ခုစလုံးကိုယုံလျှင် သက်ဆိုးမရှည်တတ်။ နှစ်ခုစလုံးကိုမယုံလျှင် လူဖြစ်ရှုံးတတ်၏။

ဆရာဝန်အကြောင်း လူနာများက ပိုသိသည်။ ရှေ့နေအကြောင်း အမှုသည်များက ပိုနားလည်သည်။ မန်နေဂျာအကြောင်း ဝန်ထမ်းများက ပိုသိသည်။ မိဘအကြောင်း သားသမီးများက ပိုသိပါသည်။ ထိုသို့ပိုသိခြင်း ပိုတတ်ခြင်းတို့ကြောင့် လူနာများ၊ အမှုသည်များ၊ ဝန်ထမ်းများနှင့် သားသမီးများ ပိုပြီးအရစ်ခံရ အဟောက်ခံရ အကြိမ်းခံရ ဖြစ်တတ်၏။ ထို့ကြောင့် မသိချင်ဟန် ဆောင်နေသင့်ပါသည်။
Credit to Ko Nay Myo....

01 October 2008

အံ့သြရခြင်း

"ကိုမြ။ ရှင်လို ပညာအရည်အချင်းပြည့်ဝတဲ့သူ၊ ရုပ်ချောတဲ့သူတစ်ယောက်ဟာ ဘာဖြစ်လို့ ကျွန်မကိုလက်ထပ်လိုက်တာလဲဟင်"
"ဘာလဲ။ မင်းလဲအံ့သြောနေသလား။"

08 August 2008

ရောဂါ

ရန်ကုန်မြိုရှိနံမည်ကြီးအထူးကုဆေးခန်းကြီးဧ။်ပိုင်ရှင်ဆရာဝန်ကြီးသည် ဈေးကွက်လေ့လာရေး အစီရင်ခံစာကိုဖတ်ရှုနေလေသည်။
(၁)ယောကျာင်္းများတွင်အဖြစ်များသောရောဂါများမှာ အဆုတ်၊အသည်းနှင့် ပတ်သတ်သည်။
သုံးသတ်ချတ်- ဈေးကွက်တွင်သက်သက်သာသာရနိုင်ပြီး၊ ကံစမ်းမဲများစွာပါသော၊ အရည်အသွေးညံ့ဆေးလိပ်များ၊ အရက်များကိုသောက်သုံးခြင်းကြောင့်........
(၂)မိန်းမများတွင်အဖြစ်များသောရောဂါများမှာ နှလုံးနှင့်ပတ်သတ်သည်။
သုံးသတ်ချက်- နေ့စဉ် ဈေးသွားကြသော အိမ်ရှင်မများအတွက် အတက်ကြမ်းလှသောဈေးနှုန်းကြောင့်.
(၃)ကျောင်းသားများတွင်အဖြစ်များသောရောဂါများမှာမျက်စိနှင့်ပတ်သတ်သည်။
သုံးသတ်ချတ်- အလွန်တရာသေးငယ်အောင်ချုံ့ ထားသော စာများကိုဖတ်ကြခြင်းကြောင့်..
အထူးတင်ပြချက်- မျက်စိနှင့်နား ကုသရေးဌာနဘက်တွင် လူနာအဆမတန်များပြားလာမှုကြောင့် အထူးကုဆရာဝန်ကြီးများ ထပ်မံတိုးချဲ့ ခန့်ထားရန်လိုနေပါသည်။ ထူးခြားသောထိုရောဂါဧ။်ဇစ်မြစ်မှာ လူနာများဧ။်အဆိုအရ "မျက်စိဖြင့်တပ်အပ်မြင်သောအရာများကို သတင်းအဖြစ်ပြန်လည်နားထောင်ရသောအခါ လုံးဝကွဲပြားခြားနားနေခြင်းကြောင်"့ ဟုဖြစ်သည်။

20 July 2008

ချစ်သူဧ။်ရက်စက်စိမ်းကားခြင်းခံရသည့်ကျွန်တော့်ဘဝ


တွေးတွေးပြီးရယ်(၃)

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်းအမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်"ဆရာမ ကလေးမလိုချင်ဘူး"ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

တွေးတွေးပြီးရယ်(၂)

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့်ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကိုဤသို့ခိုင်းနှိုင်းပြသည်။"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။

17 July 2008

တွေးတွေးပြီးရယ်

နေရာ ... စိတ္တဇဆေးရုံဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်ကရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီးပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်းမစားချင်ဘူးလားကွ" ဟူတည်း။

03 July 2008

အိုဘယ့်ယောက်ျား။ အိုဘယ့်မိန်းမ

အိုဘယ့် မိန်းမရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ဘယ်လိုမှ ကြည့်လို့မလှပြန်။
အိုဘယ့် ယောက်ျားအရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး
၊အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီးရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့အပေအတေတစ်ယောက်လိုနေမယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင်တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်တဲ့၊
ဘာပြောရမလဲ မသိတော့ဘူးရယ်။--
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။

02 July 2008

အာဆီယံ

အာဆီယံ* = အာဏာရှင်နိုင်ငံ အချင်းချင်း တစ်ဦးလုပ်သမျှတစ်ဦး အကြွင်းမဲ့ထောက်ခံရန် အတွက်သာ အဓိကထား၍ ဆီလျှော်အောင် ဖွဲ့စည်းထားသော အပေါ်ယံအဖွဲ့အစည်း။

22 June 2008

present


ပြည်မြန်မာမှ net ဘောပွဲ

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမားတွေအကြိုက်ပေါ့ ခင်ဗျာ ...မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု publlic access centre က စပေ:ပြီခင်ဗျdata ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီးကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ data ကို tel exchangeကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာမရပြန်ဘူးခင်ဗျာ ..... အွန်လိုင်: ups down တယ်တဲ့ခင်ဗျာ ..... data ဟာလိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျအခု ဂိုးသမား ကို administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalkကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျport forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်.အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc ကမီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာချစ်ခင်လေးစား ရပါသော netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာအခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ back bone ဒေါင်းသွာ:ပြီဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်းကြေညာရင်း ကျွန်တော်များ bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင်ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ

01 April 2008

၂၀၀၈ ရောက်မှန်းဘယ်လိုသိလဲ

၁.သင်ဟာမိုက်ကရိုဝေ့မီးဖိုကို ယောင်ပြီး password ရိုက်ထည့်မိနေမယ်။
၂.ဖဲကို တကယ့်ဖဲချပ်နှင့်မဆော့တာ အတော်ကြာသွားပြီ။
၃.မိသားစု၃ယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ခုရှိနေမယ်။
၎.ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့သူကို ပြောစရာရှိရင် အီးမေးလ်ပို့တယ်။
၅.သူငယ်ချင်းအချို့  အမျိုးတစ်ချို့ နှင့်အဆက်အသွယ် ပြတ်ရခြင်းက သူတို့မှာ email မရှိလို့
၆.ကားကိုဂိုထောင်ထဲမှာထည့်ပြီး ဝယ်လာတဲ့ပစစ္စည်းတွေကိုလာသယ်ဖို့ မိုဘိုင်းဖုန်းနဲ့ခေါ်မယ်
၇.တီဗီက လာသမျှကြော်ငြာတွေရဲ့အောက်မှာ website လိပ်စာပါနေတယ်
၈.သင့်ဘဝရဲံ့ ပထမ၁၀နှစ် ဒါမှမဟုတ်နှစ်၂၀ လောက် သင်နဲ့အတူမရှိခဲ့တဲ့ handphone အိမ်ကအထွက်မှာ သင်ဟာထိတ်လန့်သွားပြီး နောက်ပြန်လှည့်ပြီး အမြန်ပြန်ယူတော့တာပဲ။
၁၀. အိပ်ရာထပြီး ကော်ဖီမသောက်ခင် အွန်လိုင်းပေါ်တက်တယ်။
၁၁.တစ်ဖက်လှည့်ပြီး စပြုံးတော့မယ်
၁၂.ဒါကိုဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ
၁၃. ပိုဆိုးတာက သင်ဒီမတ်ဆေ့ရ်ကို ဘယ်သူ့ကို forward လုပ်မလဲလို့စဉ်းစားနေပြီ။
၁၄.အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ်၉ မပါတာတောင်မသိဘူး
၁၅.အံမယ် နံပါတ်၉ တကယ်မပါဘူးလားဆိုပြီး အပေါ်ကစာကြောင်းကို ပြန်ကြည့်နေတယ်။
........................................၂၀၀၈..ရောက်ပါပြီ.........................................................

31 March 2008

အချိန်စောင့်ပါ

တာဝန်ကျရဲသားအနီးသို့ ချာတိတ်တဦးရောက်လာပြီးမေးသည်။
“ဘယ်နှစ်နာရီ ရှိပြီလဲခင်ဗျာ”
ရဲသားက နာရီကိုကြည့်ပြီး ဖြေသည်။
“နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်”
“အဲ နှစ်နာရီထိုးရင် ကျုပ်ဆီလာပြီး ကျုပ်ရဲ့ဖင်ကို လာနမ်းလှည့်”
ဤစကားကိုပြောပြီး ချာတိတ်သည်တဟုန်တိုးပြေးတော့သည်။ ရဲသားက ၄င်းဧ။်နောက်သို့ပြေးလိုက်သည်။ လမ်းတွင်ရဲမှုးက ရဲသားကိုတားပြီးမေးသည်။
ရဲသားက အကြောင်းရင်းကိုရှင်းပြသည်။ ရဲမှုးက မိမိဧ။်နာရီကို ကြည့်သည်။
“မင်းဘာဖြစ်လို့ပြေးမှာလဲ၊ မင်းဆီမှာ ဆယ့်ငါးမိနစ်တိတိ အချိန်ရှိသေးသားပဲ။”

လက်ဖြောင့်တပ်သား

အမေရိကန်ဗိုလ်ချုပ်သည် ရှေ့ တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရတ် ရန်သူဘက်မှပစ်လိုက်သော ကျည်ဆန်သည် ၄င်းဧ။်စစ်ယူနီဖောင်းကြယ်သီးကို ဖြတ်ထိသွားသည်။ ကြောက်ကြောက်နှင့်ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ လှဲချလိုက်သည်။ ဘေးသို့ကြည့်လိုက်သောအခါ စစ်သားများဘာမှမဖြစ်သလို ဝိုင်းဖွဲ့  စကားပြောနေကြသည်ကို တွေ့ရသည်။ ဤအချိန်တွင် ဆာဂျင်တစ်ယောက်ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။
“ဟေ့ဆာဂျင်၊ ရန်သူစနိုက်ပါကို ဘာဖြစ်လို့မပစ်ချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ငနဲတစ်ယောက်ကို ရန်သူက အစားထိုးချထားလိုက်ရင် မခက်ပေဘူးလား”

29 March 2008

ငွေရတု

ပြင်သစ်ကုမ္မဏီတစ်ခုဧ။် အုပ်ချုပ်ရေးမှုးသည် ဝန်ထမ်းများအားလုံးကို စုဝေးစေ၍ အောက်ပါအတိုင်းပြောသည်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ကုမ္မဏီဟာ ၂၅နှစ်ပြည့်တော့မယ်။ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာ ဖြစ်တယ်။ ဒါကြောင့်ဘယ်လိုကျင်းပရင် ကောင်းမလဲ ဆိုတာနှင့် ပတ်သတ်ပြီး အကြံဥဏ်များ ပေးစေချင်ပါတယ်။ ဒါပေမယ့် ဒီငွေရတုပွဲဟာ ငွေအကုန်အကျများလို့ မဖြစ်ဘူး။ တစ်နိုင်ငံလုံးဟာ ကုမ္မဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်။ ဝန်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ်ရမယ်။ ကိုင်း.... အကြံဥဏ်လေးများ ပေးကြပါဦး။”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ဝန်ထမ်းတစ်ဦးနေရာမှ ထရပ်သည်။
“ကျွန်တော့်ဆီမှာ အကြံဥဏ်တစ်ခု ပေါ်လာပါတယ်။”
“ပြောပါ”
“အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှုးကြီးခုန်ချပါ။ ဒီအတွက်မျှော်စင်ပေါ်တက်ခလက်မှတ်ဖိုးပဲ ကုန်ပါမယ်။ ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနှင့် ကျွန်တော်တို့ ကုမ္မဏီအကြောင်းကို ပြောကြမှာ သေချာတယ်။ အဲ.....ဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့... ဖော်မပြတက်အောင်ပါပဲ။”