20 July 2008

ချစ်သူဧ။်ရက်စက်စိမ်းကားခြင်းခံရသည့်ကျွန်တော့်ဘဝ


နာကျဉ်ကျဉ် အပြုံးမျက်ရည်


တွေးတွေးပြီးရယ်(၃)

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်းအမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်"ဆရာမ ကလေးမလိုချင်ဘူး"ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

တွေးတွေးပြီးရယ်(၂)

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့်ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကိုဤသို့ခိုင်းနှိုင်းပြသည်။"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။