23 August 2008

ဟုတ်တယ်...ဒါဆိုချစ်မိသွားပြီထင်တယ်


(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီကမက်ဆေ့ ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ။
(၂)သူနဲ့အတူနှစ်ယောက်တည်းလမ်းလျှောက်ရတာကိုနှစ်သက်တယ်ဆိုရင်သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ။
(၃)သူရှိနေတဲ့အချိန်သူ့ကိုဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့်ကိုယ့်မြင်ကွင်းထဲကနေသူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ။
(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက်ပိုစိုးရိမ်မိရင်သူ့ကိုကိုယ်ချစ်မိ သွားလို့ပဲ။
(၅)တစ်ခြားလူအပေါ်သူစေတနာပိုမိလို့ကိုယ့်စိတ်ထဲကနေမနာလိုအူတိုမိရင်သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
(၆)သူ့ရဲ့ချိုမြမြအပြုံးတွေကိုကြည့်ပြီးကိုယ့်နှုတ်ခမ်းလေးတွေပါလိုက်တွန့်တတ်ရင်သူ့ကိုချစ်မိသွားလို့ပဲ။
(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိယနေမိရင် သူ့ကိုကိုယ်ချစ်မိသွားလို့ပဲ။
ဟုတ်တယ်... ဒါဆို ချစ်သွားပြီထင်တယ်... သီချင်းကို ခေါင်းစဉ်ယူထားပါတယ်။
ချစ်နိုင်ကြပါစေ။

08 August 2008

ရောဂါ

ရန်ကုန်မြိုရှိနံမည်ကြီးအထူးကုဆေးခန်းကြီးဧ။်ပိုင်ရှင်ဆရာဝန်ကြီးသည် ဈေးကွက်လေ့လာရေး အစီရင်ခံစာကိုဖတ်ရှုနေလေသည်။
(၁)ယောကျာင်္းများတွင်အဖြစ်များသောရောဂါများမှာ အဆုတ်၊အသည်းနှင့် ပတ်သတ်သည်။
သုံးသတ်ချတ်- ဈေးကွက်တွင်သက်သက်သာသာရနိုင်ပြီး၊ ကံစမ်းမဲများစွာပါသော၊ အရည်အသွေးညံ့ဆေးလိပ်များ၊ အရက်များကိုသောက်သုံးခြင်းကြောင့်........
(၂)မိန်းမများတွင်အဖြစ်များသောရောဂါများမှာ နှလုံးနှင့်ပတ်သတ်သည်။
သုံးသတ်ချက်- နေ့စဉ် ဈေးသွားကြသော အိမ်ရှင်မများအတွက် အတက်ကြမ်းလှသောဈေးနှုန်းကြောင့်.
(၃)ကျောင်းသားများတွင်အဖြစ်များသောရောဂါများမှာမျက်စိနှင့်ပတ်သတ်သည်။
သုံးသတ်ချတ်- အလွန်တရာသေးငယ်အောင်ချုံ့ ထားသော စာများကိုဖတ်ကြခြင်းကြောင့်..
အထူးတင်ပြချက်- မျက်စိနှင့်နား ကုသရေးဌာနဘက်တွင် လူနာအဆမတန်များပြားလာမှုကြောင့် အထူးကုဆရာဝန်ကြီးများ ထပ်မံတိုးချဲ့ ခန့်ထားရန်လိုနေပါသည်။ ထူးခြားသောထိုရောဂါဧ။်ဇစ်မြစ်မှာ လူနာများဧ။်အဆိုအရ "မျက်စိဖြင့်တပ်အပ်မြင်သောအရာများကို သတင်းအဖြစ်ပြန်လည်နားထောင်ရသောအခါ လုံးဝကွဲပြားခြားနားနေခြင်းကြောင်"့ ဟုဖြစ်သည်။

20 July 2008

ချစ်သူဧ။်ရက်စက်စိမ်းကားခြင်းခံရသည့်ကျွန်တော့်ဘဝ


နာကျဉ်ကျဉ် အပြုံးမျက်ရည်


တွေးတွေးပြီးရယ်(၃)

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်းအမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်"ဆရာမ ကလေးမလိုချင်ဘူး"ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

တွေးတွေးပြီးရယ်(၂)

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့်ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကိုဤသို့ခိုင်းနှိုင်းပြသည်။"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။

17 July 2008

တွေးတွေးပြီးရယ်

နေရာ ... စိတ္တဇဆေးရုံဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်ကရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီးပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်းမစားချင်ဘူးလားကွ" ဟူတည်း။

06 July 2008

Quotes for Future

  • Yesterday I dare to struggle, today I dare to win.

03 July 2008

အိုဘယ့်ယောက်ျား။ အိုဘယ့်မိန်းမ

အိုဘယ့် မိန်းမရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ဘယ်လိုမှ ကြည့်လို့မလှပြန်။
အိုဘယ့် ယောက်ျားအရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး
၊အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီးရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့အပေအတေတစ်ယောက်လိုနေမယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင်တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်တဲ့၊
ဘာပြောရမလဲ မသိတော့ဘူးရယ်။--
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။

02 July 2008

အာဆီယံ

အာဆီယံ* = အာဏာရှင်နိုင်ငံ အချင်းချင်း တစ်ဦးလုပ်သမျှတစ်ဦး အကြွင်းမဲ့ထောက်ခံရန် အတွက်သာ အဓိကထား၍ ဆီလျှော်အောင် ဖွဲ့စည်းထားသော အပေါ်ယံအဖွဲ့အစည်း။

22 June 2008

present


ပြည်မြန်မာမှ net ဘောပွဲ

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမားတွေအကြိုက်ပေါ့ ခင်ဗျာ ...မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု publlic access centre က စပေ:ပြီခင်ဗျdata ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီးကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ data ကို tel exchangeကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာမရပြန်ဘူးခင်ဗျာ ..... အွန်လိုင်: ups down တယ်တဲ့ခင်ဗျာ ..... data ဟာလိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျအခု ဂိုးသမား ကို administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalkကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျport forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်.အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc ကမီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာချစ်ခင်လေးစား ရပါသော netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာအခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ back bone ဒေါင်းသွာ:ပြီဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်းကြေညာရင်း ကျွန်တော်များ bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင်ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ

04 May 2008

ရန်ကုန်နောက်ဆုံးအခြေအနေ

  • ရန်ကုန်တစ်မြို့ လုံးဗျောင်းဆံနေ
  • မုန်တိုင်း တော်တော်ဆိုးတယမလွတ်ဘူး၊
  • နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်
  • မနေ့ည ၁၁ နာရီက စတိုကအပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ
  • စလောင်းတွေ အားလုံး လွင့်သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေ
  • ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ၊ ရွှေုဂုန်တိုင် ဝေဠုဝန်တိုက်ခန်း ဟံသာဝတီ ကားပွဲစားတန်း
  • ကျွန်းတောလမ်း
    တက္ကသိုလ်ရိပ်သာလမ်း စမ်းချောင်းမြို့နယ် တော်တော်ဆိုးတယ်စမ်းချောင်းကဆက်သွယ်ရေးဝန်ကြီးရုံးတော့ရွဲသွားပီ
    သမိုင်း ခဝဲခြံ အင်းစိန် ပုဇွန်ထောင် နဲ့ မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် ရေအသကုန်ကြီးနေပီ
    ခဝဲခြံမှာလူနေလို့မရအောင်ရေကြီးနေတယ်
  • လိုင်သာယာကတဲအသေးလေးတွေဘာမှာမရှိတော့ဘူး ကလေးတွေသနားစရာပါ…
  • လူတွေအလုပ်တွေရူပ်နေကြတယ်
  • GSM တွေရော လိုင်းဖုန်းတွေလုံးဝ မရ
  • ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင် မရ
  • မိုးစဲသွားပြီ် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထရပ်ကွက်အလိုက် လုပ်
  • “မနက် ၁၀ နာရီထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေ
  • အိမ်တချို့ ပြိုလဲမှုများ ရှိ
  • အပျက်အစီးများ လမ်းများ ပိတ်နေ
  • လိုင်းကား ပြေးဆွဲခြင်းလဲ မရှိ
  • လေလည်း ငြိမ်သွားပြီ
  • ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့
  • ယနေ့ညဘက် တမြို့လုံး အမှောင်ကျ
  • သေဆုံးပျေက်ခန့်မှန်းမရ များနိုင်
  • စားသောက်ကုန်များ ဈေးတကအလုအယက် ၀ယ်ယူနေကြ
  • ကား၊ ရထားအားလုံး ရပ်ဆိုင်း
  • အင်တာနက် လုံးဝမရ ကျော်ခွဇယား တောင်စဉ်းစားမရ..
  • ရန်ကုန်မြို့တွင် ရယန္ဒရား ရပ်
  • လျှပ်စစ် ဓာတ်အားပေး စက်ရုံ အားလုံး ရပ်
  • မိုးခြံတ်လမ်းတွေပိတ်နေတယ်အိမ်မီးပြောနဲလမ်းမီးတောင်မလာဘူး..
  • အပင်များမရှိတော့ဘူး
  • လမ်းဘေးရပ် ကားအပျက်စီများ
  • ရန်ကုန်မြို့ပျက်စီးမှု အကြီးအကျယ် ဖြစ်
  • အမှတ် (၁)၊စမ်းချောင်းမြို့နယ မူးယစ်ဆေးဝါးပြတိုကလေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်
    ဆက်လက် စုံစမ်းနေ
  • ရန်ကုန်မိုးတိပ်တွားပီ မုန်တိုင်းထပ်လာမယ်ဆိုတဲ့အသံတွေထွက်နေ…

01 May 2008

အာဟာရ

  • မိုးရွာတုန်း ရေခံ
    Collect the water while it rains.
  • ကြီုးစားရင်ဘုရားတောင်ဖြစ်နိုင်။
    You can even be a God, if you try.
  • ကြောက်လွဲ၊ ရဲမင်းဖြစ်။
    You can be a king, if you are brave.

30 April 2008

Is it a dream or reality??????

Is it a dream or reality??????
Everytime when i m with u, i feel like i m dreaming.
Everytime when i m with u, i m really happy and enjoy everysecond.
Everytime when i m with u, i feel safe.
Everytime when i m with u, i almost forget what is loneliness.
As i hav nvr been like that in my life, i dare not accept it is a reality.
i know dream nvr lasts for a long time.
even though if it is a dream, i do wish i wont get up from that dream.
i wanna always be ur angel in ur dream....
But....... one day....
if u no longer enjoy that dream......
if u feel i m a burden to u.........
plz let me know,,,,
i m always ready to let u go..........

29 April 2008

တိတ်တခိုးချစ်သူ


မျက်စိမှိတ်မယုံနှင့်

ဒွိဟသံသယဆိုတာ ဥဏ်ပညာရဲ့ ကနဦးအစ ဖြစ်နေတတ်တယ်။
Doubt is often the beginning of wisdom.
M.Scott Peck

Words of Wisdoms

  • လက်နက်မရှိဘဲ စစ်မတိုက်နှင့်၊ အဖော်မပါဘဲ ခရီးဝေးမသွားနှင့်၊ ဗဟုသုတမရှိပဲ မဟောပြောနှင့်။
    Go not to the battlefield without arms.Speak not without reference to treatises.Travel not afar without companion.
  • ငွေမရှိဘဲ အစားမကြူးနှင့်၊ အားမရှိပဲ ရန်မဖြစ်နှင့်။ ဥဏ်မရှိပဲ ဆရာမလုပ်နှင့်။
    Without wealth, be not excessive in eating.Without strength , Love not fighting.Without learning, speak not too much.

ပန်းတိုင်

ကိုယ့်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရွေးချယ်ပါ။ ပန်းတိုင်သို့သွားရာ လမ်းကြောင်းကို ကိုယ့်ခေါင်းထဲ ထင်းနေရှင်းနေအောင် ရေးဆွဲမှတ်သားပါ။
Jhonny Weissmuller.