31 March 2008

လက်ဖြောင့်တပ်သား

အမေရိကန်ဗိုလ်ချုပ်သည် ရှေ့ တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရတ် ရန်သူဘက်မှပစ်လိုက်သော ကျည်ဆန်သည် ၄င်းဧ။်စစ်ယူနီဖောင်းကြယ်သီးကို ဖြတ်ထိသွားသည်။ ကြောက်ကြောက်နှင့်ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ လှဲချလိုက်သည်။ ဘေးသို့ကြည့်လိုက်သောအခါ စစ်သားများဘာမှမဖြစ်သလို ဝိုင်းဖွဲ့  စကားပြောနေကြသည်ကို တွေ့ရသည်။ ဤအချိန်တွင် ဆာဂျင်တစ်ယောက်ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။
“ဟေ့ဆာဂျင်၊ ရန်သူစနိုက်ပါကို ဘာဖြစ်လို့မပစ်ချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ငနဲတစ်ယောက်ကို ရန်သူက အစားထိုးချထားလိုက်ရင် မခက်ပေဘူးလား”

No comments: