29 March 2008

ငွေရတု

ပြင်သစ်ကုမ္မဏီတစ်ခုဧ။် အုပ်ချုပ်ရေးမှုးသည် ဝန်ထမ်းများအားလုံးကို စုဝေးစေ၍ အောက်ပါအတိုင်းပြောသည်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ကုမ္မဏီဟာ ၂၅နှစ်ပြည့်တော့မယ်။ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာ ဖြစ်တယ်။ ဒါကြောင့်ဘယ်လိုကျင်းပရင် ကောင်းမလဲ ဆိုတာနှင့် ပတ်သတ်ပြီး အကြံဥဏ်များ ပေးစေချင်ပါတယ်။ ဒါပေမယ့် ဒီငွေရတုပွဲဟာ ငွေအကုန်အကျများလို့ မဖြစ်ဘူး။ တစ်နိုင်ငံလုံးဟာ ကုမ္မဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်။ ဝန်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ်ရမယ်။ ကိုင်း.... အကြံဥဏ်လေးများ ပေးကြပါဦး။”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ဝန်ထမ်းတစ်ဦးနေရာမှ ထရပ်သည်။
“ကျွန်တော့်ဆီမှာ အကြံဥဏ်တစ်ခု ပေါ်လာပါတယ်။”
“ပြောပါ”
“အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှုးကြီးခုန်ချပါ။ ဒီအတွက်မျှော်စင်ပေါ်တက်ခလက်မှတ်ဖိုးပဲ ကုန်ပါမယ်။ ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနှင့် ကျွန်တော်တို့ ကုမ္မဏီအကြောင်းကို ပြောကြမှာ သေချာတယ်။ အဲ.....ဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့... ဖော်မပြတက်အောင်ပါပဲ။”

No comments: