27 March 2008

ပြောတာနားထောင်မှပေါ့

စကားထစ်သူတစ်ဦးသည် ဆိုင်မှရေခဲသေတ္တာ ဝယ်သည်။ ဆိုင်မှအလုပ်သမားက ငါးထပ်တိုက်ပေါ်သို့ ထမ်းတင်သည်။ လှေကားတစ်လျှေက်တက်စဉ် စကားထစ်သူက တစ်ဆုံတစ်ခု ပြောရန်ကြိုးစားသည်။ အလုပ်သမားက နားမထောင်ပဲ ပြန်ပြောသည်။
“အပေါ်ရောက်မှ ပြောဗျာ”
အပေါ်ထပ်သို့ရောက်လာသည်။
“ကိုင်း....ဘာပြောချင်လို့လဲ... ပြော”
“ကျွန်တော်တို့ ၀င်ပေါက်မှား....မှားဝင်မိတယ်ဗျ”
အလုပ်သမားသည် ဆဲရေးတိုင်းတာပြီး ရေခဲသေတ္တာကို လာခဲ့သောလမ်းအတိုင်း ထမ်းပြီးပြန်ဆင်းလာသည်။ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန်ကြိုးစားသည်။
အောက်သို့ရောက်လာသည်။
“ဒီတစ်ခါ ဘာပြောဦးမှာလဲ”
“ကျွန်တော်ကျီ....ကျီစားတာပါခင်ဗျ”

No comments: