26 October 2009

16 August 2009

ပုံပြင်လေးနဲ့ပြောပြမယ်

စပါးကြီးမြွေတစ်ကောင်နှင့် အဆိပ်ရှိတဲ့မြွေတစ်ကောင်တို့ဟာ သူငယ်ချင်းတွေဖြစ်ကြတယ်။

တစ်ရက်မှာ သူတို့ လိပ်တစ်ကောင်ကို တွေ့တယ်….

ဒါနဲ့ ဒီမြွေနှစ်ကောင်က အရသာရှိလှတဲ့ ညနေစာပဲဆိုပြီး စားဖို့စဉ်းစားတယ်…

စပါးကြီးမြွေက သူရှင်းပစ်မယ်လို့ပြောတယ်…

သူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးနဲ့ရစ်ပတ်ပြီးသတ်ဖို့ကြိုးစားတယ်။လိပ်ကခေါင်းကိုလျှိုဝင်လိုက်တာနဲ့သူဘယ်လိုလုပ်လုပ် လိပ်ကို လုံးဝမထိခိုက်နိုင်ပါဘူး။

စိတ်ပျက်လက်ပျက်နဲ့ ဘေးနားမှာနားနေလိုက်တယ်။

လိပ်ကခေါင်းလေးကို နဲနဲထွက်လာတာနဲ့ တပြိုင်နက် မြွေသေးသေးလေးက သူ့ရဲ့ အဆိပ်ရှိတဲ့ အစွယ်နဲ့ ပေါက်လိုက်တာ လိပ်က လန့်ပြီး ပြန်ဝင်သွားတယ်။ ခဏကြာတော့ လိပ်သေသွားတယ်။

စပါးကြီးမြွေကပြောတယ် “ငါအားတွေတောင်ကုန်သွားတယ်။ လိပ်ကို ဘာမှာမလုပ်နိုင်ခဲ့ဘူး။ မင်းက တစ်ချက်တည်းနဲ့ ပြီးသွားတယ်”။

မြွေလေးက “ငါက သူ့ရဲ့ပျော့ချက်ကို သိတာကိုး”

ဒါပေမဲ့ လိပ်ကအထဲကိုပြနလျှိုဝင်ပြီးမှသေတော့ မြွေနှစ်ကောင်လုံး ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ သူတို့ဟာ လိပ်အခွံကို ချွတ်ဖို့ မတက်နိုင်ဘူးလေ။

ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ သင်ဘယ်လိုတွယ်ကပ်နေပါစေ။ သူ့ကို သင်ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မယ်။ သူ့ကို နားလည်မှသာ ပိုင်ဆိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ပျော့ချက်ကို နားလည်ပေးနိုင်တယ် ဆိုပေမဲ့ တာဝန်ယူနိုင်မှသာ သူ့ကို သွားနားလည်ပါ။ နားလည်မှုတစ်ခုတည်းနဲ့တော့ အခွင့်အရေးမယူပါနဲ့။ မဟုတ်ရင် အားလုံးဟာ အလကားဖြစ်သွားပါလိမ့်မယ်။ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလိုပေါ့။

ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

10 August 2009

သိခြင်း မသိခြင်း

ယောက်ျားများက မိန်းမများအကြောင်း အတန်အသင့်သိထားသည်ဟု ယူဆကြသည်။ အတန်အသင့် သိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ရူးသွပ်ပြီး အသက်တိုနိုင်၏။

မိန်းမများက ယောက်ျားများအကြောင်း တော်တော်ကြီး သိထားသည်ဟု ယူဆကြသည်။ တော်တော်ကြီးသိထားခြင်းသာ ကောင်းပါသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ယောက်ျားများ၏ စိတ်ဝင်စားခံရမှု ဆုံးရှုံးသွားနိုင်ပါသည်။

ခင်ပွန်းသည်အကြောင်း A to Z သိထားသည်ဟု ဇနီးသည်များက ပြောလေ့ရှိသည်။ ဇနီးအကြောင်း ကကြီးမှ အ အထိ သိထားသည်ဟု ခင်ပွန်းသည်များက ပြောလေ့ရှိကြသည်။ တကယ်တော့ ရာနှုန်းပြည့် မမှန်ပါ။ ထိုသို့သာ သိရိုးမှန်လျှင် ကွာရှင်းမှုဆိုင်ရာ ဥပဒေအကျိုးဆောင်များ ကျိကျိတက် ချမ်းသာနေကြမည် ဖြစ်ပါသည်။

ဆရာများက တပည့်အကြောင်း သိသည်ဟု ပြောကြသည်။ ယင်းဆိုချက်မှာ တပည့်များက ဆရာများအကြောင်း သိထားသည်နှင့်ယှဉ်လျှင် ဆင်နှင့်ဆိတ်ကဲ့သို့ အနေအထားသာရှိပါသည်။ ထို့ကြောင့် ဆရာများက တိတ်တိတ်ကလေးသာ နေသင့်ပါသည်။

အချို့ကငွေကိုယုံသည်၊ အချို့ကလူကိုယုံသည်၊ အချို့ကနှစ်ခုစလုံးကို ယုံသည်၊ အချို့က နှစ်ခုစလုံးကိုမယုံ။ ငွေကိုယုံလျှင် ရူးတတ်သည်။ လူကိုယုံလျှင် နှလုံးရောဂါရနိုင်သည်။ နှစ်ခုစလုံးကိုယုံလျှင် သက်ဆိုးမရှည်တတ်။ နှစ်ခုစလုံးကိုမယုံလျှင် လူဖြစ်ရှုံးတတ်၏။

ဆရာဝန်အကြောင်း လူနာများက ပိုသိသည်။ ရှေ့နေအကြောင်း အမှုသည်များက ပိုနားလည်သည်။ မန်နေဂျာအကြောင်း ဝန်ထမ်းများက ပိုသိသည်။ မိဘအကြောင်း သားသမီးများက ပိုသိပါသည်။ ထိုသို့ပိုသိခြင်း ပိုတတ်ခြင်းတို့ကြောင့် လူနာများ၊ အမှုသည်များ၊ ဝန်ထမ်းများနှင့် သားသမီးများ ပိုပြီးအရစ်ခံရ အဟောက်ခံရ အကြိမ်းခံရ ဖြစ်တတ်၏။ ထို့ကြောင့် မသိချင်ဟန် ဆောင်နေသင့်ပါသည်။
Credit to Ko Nay Myo....

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?

ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?


၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅) ကလေးကို ကျောင်းပို့ပါ
၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇) အင်္ကျီကူခေါက်ပါ
၈) မွေးနေ့လက်ဆောင်ပေးပါ
၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎) သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅) သူပြောချင်တာကို နားထောင်ပေးပါ
၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ

၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

09 August 2009

Sun Tzu Quotes

Hence that general is skilful in attack whose opponent does not know what to defend; and he is skilful in defense whose opponent does not know what to attack.
“Let your plans be dark and as impenetratable as night, and when you move, fall like a thunderbolt.”
You have to believe in yourself.

ရေခွက်နှင့်ရေ

ရေခွက် - “အထီးကျန်လိုက်တာ၊ ရေလိုတယ်၊ ရေထည့်ပေး…”
သခင် - “ကောင်းပြီ၊ ရေရှိရင် အထီးမကျန်တော့ဘူးလား…”
ရေခွက် - “ဟုတ်တယ်ထင်တယ်…”
ဒါနဲ့ သခင်က ရေကိုလောင်းထည့်ပေးလိုက်တယ်…ရေပူဖြစ်နေတယ်၊ ရေခွက်ကသူအရည်ပျော်တော့မလို ခံစားရတယ်၊ ဒါက အချစ်ရဲ့စွမ်းအင်တွေလား လို့စဉ်းစားတယ်။တဖြည်းဖြည်း ရေနွေးလာတယ်…. ရေခွက်လည်း နေလို့ကောင်းလာတယ်…. ဒါလည်းအချစ်ရဲ့ခံစားမှုပဲ ဆိုပြီး စဉ်းစားပြန်တယ်…..
တဖြည်းဖြည်း ရေနွေးလာတယ်…. ရေခွက်လည်း နေလို့ကောင်းလာတယ်…. ဒါလည်းအချစ်ရဲ့ခံစားမှုပဲ ဆိုပြီး စဉ်းစားပြန်တယ်…..
နောက်ဆုံးတော့ ရေအေးသွားတယ်၊ ရေခွက်လေးကြောက်လာတယ်၊ ဘာကိုကြောက်နေမှန်းမသိဘူး။ ဒါက ဆုံးရှူံးမှုရဲ့အရသာလား။
ရေအရမ်းအေးသွားတဲ့အချိန်မှာ ရေခွက်လေးအရမ်းစိတ်ကုန်လာတယ် ဒါက ရေစက်ဆုံးပြီပေါ့….
“သခင်၊ ရေသွန်ပေးပါ၊ မလိုအပ်တော့ဘူး” ဆိုပြီးရေခွက်လေးအော်နေရှာတယ်…
ဒါပေမဲ့သခင်မရှိတော့ဘူး။ရေခွက်ကသူရေအောက်မှာ..မွန်းကြပ်လို့သေတော့မယ်…ရင်ထဲကိုထည့်ထားရတာ.. မခံစားတတ်တော့ဘူး။
ရေခွက်ဟာ လှုပ်ရင်းခါရင်းနဲ့ နောက်ဆုံး ရေတွေထွက်ကုန်တယ်…ရေခွက်လေးအရမ်းပျော်သွားတယ်… ရုတ်တရက် ရေခွက်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်….
ရေခွက်လေးကွဲသွားတယ်…မသေခင်လေးမှာ….ရေလေးရေခွက်ထဲမှာရှိခဲ့စဉ်ကို သူတမ်းတနေတယ်… သူသိသွားတယ်… သူရေကိုချစ်တယ်… သူရေကို ဘယ်လောက်ချစ်တယ်ဆိုတာကို …. ဒါပေမဲ့ …. ရေခွက်ထဲမှာ ရေ လုံးဝပြန်မရှိနိုင်တော့တာကို… တွေးရင်…ရေခွက်လေးငိုကြွေးနေရှာတယ်…. မျက်ရည် နဲ့ ရေ ကရောသွားပြီး နောက်ဆုံးအကြိမ် ချစ်ဖို့ သူကြိုးစားတယ်…..သူတောင်းတတယ်….
သခင်က ကွဲနေတဲ့ အစအနလေးတွေကို ကောက်ယူစဉ်မှာ လက်ကိုရှမိတယ်….
သွေးတွေထွက်လာတယ်….
ရေခွက်လေးရီတယ်…ဒါအချစ်လား…နာကြင်တာတွေရမှမြတ်နိုးရမှန်းသိတာလား?
ရေခွက်လေးရီတယ်…အချစ်ဆိုတာဘာလဲ…လက်လွတ်ဆုံးရှူံးသွားမှ..နားလည်တာလား?
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

Monkey see monkey do... :)

07 August 2009

ပန်းသီးပင်ပုံပြင်!

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီးဆော့ကစားလေ့ရှိတယ်..သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာတစ်ရေးတစ်မောမှေးတယ်...ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး..ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး..ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတေ
ွဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်..ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး...ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ..ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီးပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာအရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး -"ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်...အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး -"၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့်မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီးပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး -"ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီးမင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင်
ဟိုးအဝေးကြီးကိုမင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီးလှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာအချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့်တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာသစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက်ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက်တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို -"အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး -"ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာထိုင်လိုက်ပါတယ်...သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***
From one forward mail...

Awesome Cartoon .. Enjoy it..

Sun Tzu Quotes

He who knows when he can fight and when he cannot, will be victorious.

The general who wins the battle makes many calculations in his temple before the battle is fought. The general who loses makes but few calculations beforehand.
Sun Tzu

When you're prepared, you're more confident, when you have a strategy, you're more comfortable.

တော်ရုံလောက်ဘဲ ကောင်းပါတယ်....

Nice Video.. should watch..

08 July 2009

Fun Facts

Do You Know?
  • Did you know that there are 206 bones in the adult human body and there are 300 in children (as they grow some of the bones fuse together).
  • The blue whale can produce sounds up to 188 decibels. This is the loudest sound produced by a living animal and has been detected as far away as 530 miles.
  • It takes approximately 12 hours for food to entirely digest.

Success

Some are born great, some achieve greatness, and some have greatness thrust upon them.
William Shakespeare
A successful man is one who can lay a firm foundation with the bricks others have thrown at him.
David Brinkley
Don't aim for success if you want it; just do what you love and believe in, and it will come naturally.
David Frost

တွေ့ဆုံချိန်ကို တန်ဖိုးထားပါ...

"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး"

17 March 2009

I Miss You

I Miss You
I know sometimes I cause you
Much pain and frustration
You and I have been through a lot
I thank God you’re in for the duration

You’ve endured with patience
Even when I pushed against your will
I regret the pain I’ve caused you
And I carry it with me still

Even though we’ve been together
Through lives sorrow and pain
Somehow we’ve always managed
And we’ve always endured the strain

Always know that in my heart
You have a special place
I hope to see you soon
I miss your smiling face
I Love You

24 February 2009

10 December 2008

Critic!

A critic is a man who know the way but can't drive the car.
Kenneth Tynan
It is much easier to be critical than to be correct.
Author:Benjamin Disraeli
The good critic is he who relates the adventures of his soul among masterpieces.
Anatole France

11 November 2008

02 November 2008

အသက်တွေကြီးရင်ရော................"အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်"

"အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်"

အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော ရေကွက်ကွက်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။

"တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။ အခုလည်း ဘယ်ရောက်သွားပြန်လဲ မသိ။"

တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ ကို ကြားလိုက်ရသည်။ "ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့"

"ဟင်.. ဘုရား ဘုရား"

ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး နောက်ပစ်ကာ မသိသလို ရပ်နေလေသည်။

"ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို"

အဘိုးကြီးက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။

"အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး မှတ်နေလား။ လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ် ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း ရှင့်ကို မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။"

အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။

အဘိုးကြီးထံမှ စကားသံ မပီမသ ထွက်လာသည်။

"မင်းအတွက်ပါ"

"ဘာလဲ ကျွန်မအတွက်"

အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။ ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။

12 October 2008

တစ်နေ့တစ်လံ ပုံဂံဘယ်ဝေး

တစ်နေ့တစ်လံ ပုဂံဘယ်ဝေးတဲ့။ ဒါပေမယ့် ပုဂံကိုရောက်တဲ့လမ်းကအများကြီးပါ။ လမ်းမှန်ကိုမမေးမစမ်းပဲနဲ့လျှောက်မယ်ဆိုရင် တစ်နေ့တစ်လံမပြောနှင့် တစ်နေ့ဆယ်မိုင်သွားရင်တောင် ပုဂံမပြောနဲ့ ပြည်တောင်မရောက်နိုင်ပဲ တစ်နေ့တစ်လံ ပုဂံဟာအဝေးကြီးပါ ဖြစ်နေမှာပါ။

02 October 2008

ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကိုထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော..မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး..သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

01 October 2008

အံ့သြရခြင်း

"ကိုမြ။ ရှင်လို ပညာအရည်အချင်းပြည့်ဝတဲ့သူ၊ ရုပ်ချောတဲ့သူတစ်ယောက်ဟာ ဘာဖြစ်လို့ ကျွန်မကိုလက်ထပ်လိုက်တာလဲဟင်"
"ဘာလဲ။ မင်းလဲအံ့သြောနေသလား။"

28 August 2008

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင်online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ messageမှာ ထိုစာကြောင်းလေးဖြစ်သည်။
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော်မပျော်ပါဘူး။ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွကကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ onlineသူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား...ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
"ကျွန်မ အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။
ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး..."တော်ပါပြီ...ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chattingဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။
"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"
မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။
"ခင်ဗျားက ထူးခြားတယ်""ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီးမနက်မိုးလင်းမှကျွန်မအိပ်ယာ ၀င်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား"
ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"
ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။
"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...
သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ...
"အင်တာနက်ကိုမုန်းတယ်မိန်းမတွေကိုမုန်းတယ်"ဟုပြောပြီးဘာကြောင့်ထိုအကြောင်းများကိုအင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ....ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။
"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။
"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း...ပြောမယ်။ကျွန်မသိချင်တာတွေမေးရဦးမယ်"ကျွန်မအသက်ကိုပြင်းပြင်းလေးရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ...ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား..အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်"
ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။
"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
"ဟား...ဟား..ခင်ဗျားဘာတွေးနေလဲကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။"
တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်....
"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
သူ...သူ...အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"
"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"
"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား""ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
"အသေအချာတော့မသိဘူး။တစ်ချို့မေ့တတ်တယ်။တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။
"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
"ကျွန်တော်ထင်တဲ့အတိုင်းပဲပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။
"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"
ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။
ရွက်ကြွေများဖြန့်ခင်းထားသောအ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

ပြီးပါပြီ
မှတ်ချတ်။ ။ သူငယ်ချင်းတစ်ယောက်ဧ။် Forward Mail မှ